Local News

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အ‌ကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်နိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား MRCCI မှ လုပ်ငန်းရှင်များ သိရှိနားလည်စေရန် သင်တန်းပို့ချခြင်း

Last Updated:

မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စားသောက်ကုန်တင်ပို့မည့် / တင်ပို့လျက် ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်ပြန်ခဲ့သည့် အမိန့်ကြေညာ ချက်အမှတ် (၂၄၈) နှင့် (၂၄၉) တို့အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အ‌ကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ ထိုသို့ မှတ်ပုံတင်နိုင်ရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များအနေဖြင့် ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များကို သိရှိနားလည်၍ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ စွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြုသင်တန်းအား ၂၀၂၂ ခုနှစ်၊ မေလ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် Zoom Meeting စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့မှ တာဝန်ရှိသူများနှင့် MRCCI မှ အသင်းဝင် သင်တန်းသူ/သား စုစုပေါင်း (၄၅) ဦးခန့် Online ဖြင့် တက်ရောက်ခဲ့ကြပါသည်။

             သင်တန်းတွင် GACC ၌ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် မြန်မာ နိုင်ငံဘက်မှ ထောက်ခံချက်‌ပေးသည့် သက်ဆိုင်ရာ Competent Authority များဖြစ်သည့် စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ Contact Person များက မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် ဆောင် ရွက်ပုံအဆင့်ဆင့်နှင့် အသေးစိတ်အချက်အလက်များအား ပို့ချပေးခဲ့ပြီး သင်တန်းသူ/သား များမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ သင်တန်းဆရာများ က ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ကုန်စည်များ အဆင်ပြေချောမွေ့စွာ တင်ပို့နိုင်ရေးနှင့် အမယ်သစ်များ တိုးချဲ့ထုတ်လုပ် တင်ပို့နိုင်ရေးအတွက် အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ် ခဲ့ကြပါသည်။

Category: Local News